ကံမ ၄ မတ်

 

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊   ကံမမြို့နယ်အတွင်းရှိ   ကျေးရွာများသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ  နယ်လှည့်ဆေးကုသရေးအဖွဲ့သည်  အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မတ် ၆ ရက်တွင် စစ္စရံကျေးရွာ၌လည်းကောင်း၊ မတ် ၇ ရက်တွင် ကျီးမီးကျေးရွာနှင့် မတ် ၈ ရက်တွင် အလယ်-၂ ကျေးရွာများ၌ အခြေစိုက်လျက် ကုသပေးမည်ဖြစ်ပြီး နီးစပ်ရာကျေးရွာများမှ ပြည်သူများအနေဖြင့် အခမဲ့လာရောက် ဆေးကုသမှုခံယူနိုင်ကြောင်း ဒေသခံအုပ်ချုပ်ရေး အဖွဲ့များမှတစ်ဆင့်  နှိုးဆော်ထားကြောင်း သိရှိရသည်။ 

 

ကျော်ဇေယျဝင်း(ပြန်/ဆက်)