နေပြည်တော် ၄ မတ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်နှင့် ဦးမျိုးဝင်းတို့ပါဝင်သည့် အပြီးသတ်ကြားနာ ဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်ပြီး တရားမအထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထွေအထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


