မိုးမောက်  ၄  မတ်

 

ကချင်ပြည်နယ် မိုးမောက်မြို့  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လမ်းမီရရှိရေးစီမံချက် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။

 

20190

 

အဆိုပါ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဦးစန်းနိုင်မှ မြို့နယ်အတွင်း ကျန်းမာရေးစောင့်မှု လုပ်ငန်းဆိုင်ရာ စီမံချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆေးရုံဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဦးမလန်လလွမ်