မြောက်ဦး  ၄ မတ်  

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ  တိုက်ပွဲရှောင်စခန်းမှ ပြည်သူများအား ခရိုင်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်က သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

 

3333

 

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းသို့ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ ခရိုင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။ 

 

ထို့နောက်  တိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ထားသော စေတီတောင်ကျေးရွာ၊ တိမ်ညိုရွာသစ် ကျေးရွာနှင့် အောက်သားကန်ကျေးရွာများရှိ တိုက်ပွဲရှောင်စခန်းများသို့ ခိုလှုံရန် ရောက်ရှိလာကြသော ဆင်အိုးကျေးရွာ၊ ခူလှိုင်ကျေးရွာ၊ နေပူခံကျေးရွာနှင့် မကျားဆည်ကျေးရွာများမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၉၅)စုမှ လူဦးရေ (၃၈၄)ဦးအတွက်  အမျိုးသား/အမျိုးသမီးဝတ် တီရှပ်အင်္ကျီ၊ လုံချည်၊ မျက်နှာသုတ်ပဝါနှင့် စားနပ်ရိက္ခာ (၁)လစာဆန်အိတ် စုစုပေါင်း (၁၁၅)အိတ်တို့အား တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြောက်ဦးခရိုင်(ပြန်/ဆက်)မှ သိရှိရသည်။

 

MDN