ကော့သောင်း ၄ မတ်


ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုဆု ဆွတ်ခူးခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် "အေးငြိမ်းသာယာမဟာစည်" သာသနာ့ရိပ်သာ ကျောင်းတိုက်တွင် ပြုလုပ်သည်။ 

 

1


အဆိုပါ World Peace Ethics Contest ကမ္ဘာ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတ စာမေးပွဲအား ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနိုင်ငံများတွင် ထိုင်းနိုင်ငံ DAHMAKARA ဓမ္မကာယအဖွဲ့မှ နှစ်စဉ်ကျင်းပပေးခြင်းဖြစ်ပြီး ယခုနှစ်စာမေးပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ကော့သောင်းမြို့နယ်အတွင်းရှိ ဓမ္မစကူးကျောင်း ၂၆ ကျောင်းမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၉၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ပြိုင်ပွဲတွင် အေးငြိမ်းသာယာ မဟာစည်သာ သနာ့ရိပ်သာကျောင်းတိုက် ဓမ္မစကူးကျောင်းမှ မထမဆု မမေသူရ၊ ဒုတိယဆု မမေမီချမ်းမြေ့နှင့် အဆင့် (၈)  မောင်မင်းသူဆင့်တို့ ရရှိဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ 

 

1


ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပမည့် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကြီးတွင် နိုင်ငံတကာမှ ဆုရရှိသူများနှင့်အတူ တက်ရောက်ဆုလက်ခံယူခဲ့ကြပြီး ယခုတစ်ဖန် မိမိတို့၏မြို့နယ်တွင် ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပေးခြင်းဖြစ်ရာ အလှူရှင်စေတနာရှင်များမှ ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ဂုဏ်ပြုပေးကြခြင်းဖြစ်သည်။


ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားသို့ အေးငြိမ်းသာယာ မဟာစည် ဆရာတော် ဘဒ္ဒန္တ အာလောကနှင့် ဆရာတော် သံဃာတော်များ၊ မြို့နယ်သာသနာရေးမှူး၊ ဌာနဆိုင်ရာများ၊ ဓမ္မစကူးလ် ဆရာဆရာမများ၊ အလှူရှင်များ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်စိုး(ကော့သောင်း)