ဘူးသီးတောင် ၄ မတ်
ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူးဦးစီးဌာန ဘူးသီးတောင်မြို့နယ် ဦးစီးမှူး ဦးစည်သူလွင်တို့ ဦးစီး၍ ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စု မောင်နှမကျေးရွာ၌ မတ် ၂ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်မှ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၄)စု၊ လူဦးရေ(၉၅)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၅၉၉၅၀ဝ နှင့် ထောက်ပံ့ပစ္စည်းများအား ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေများမှာ အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ရန် (၁)သိန်းကျပ်၊ မီးဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး တစ်ပတ် ၂၁၀ဝ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၉၈ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၅၉၉၅၀ဝ နှင့် အမျိုးသားဝတ်လုံချည်၊ အမျိုးသမီးဝတ်လုံချည်၊ စောင်၊ ခြင်ထောင်၊ ဒန်အိုး၊ ပန်းကန်ပြား၊ တဘက်၊ ဆပ်ပြာ၊ တီရှပ်၊ ဇလုံ အစရှိသည့် ပစ္စည်း(၁၅)မျိုးပါဝင် ပလတ်စတစ်ပုံး ၁၄ ပုံးတို့ကို ပေးအပ်ခဲ့ရာ မီးဘေးသင့်ပြည်သူများမှ လက်ခံရယူခဲ့ကြကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရှိရသည်။
MDN


