စက်တင်ဘာ ၂၆
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်မတော်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၁၄၉၅ ဦး အထိမြင့်တက်လာကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်းက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
အစ္စရေးတပ်မတော်၏တိုက်ခိုက်မှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ပါလက်စတိုင်း ၂၈ ဦး သေဆုံးပြီး အခြား ၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအစောပိုင်းက စတင်သောပဋိပက္ခဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူပေါင်း ၉၆၀၀၆ ဦး ရှိလာသည်ဟု သိရသည်။
အစ္စရေးဘက်ခြမ်းမှ အမည်မသိ ရုပ်အလောင်း ၈၈ လောင်းကို လက်ခံရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက သီခြားထုတ်ပြန်ချိန်တွင် ဖော်ပြထားသည်။
ဟားမတ်စ်တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံတောင်ပိုင်းနယ်စပ်ဒေသအား ဝင်ရောက်တိုက်ခိုက်မှုကိုတုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသရှိဟားမတ်စ်တို့အား အစ္စရေးတပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


