လားရှိုး ၄ မတ်

 


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် မတ် ၄ ရက် နံနက် ၉ နာရီခွဲက ရှမ်း/မြောက် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး ရုံးသစ်အား တက်ရောက်၍ အသင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။

 

df

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသင်းရုံးသစ်၏ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့ရည်များဖြင့် ပက်ဖျန်းပေးပြီး အသင်းရုံးဖွင့်ပွဲအခမ်းအနားကို အသင်းရုံးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုလက်မှု အသင်းဥက္ကဋ္ဌ ဦးစိုင်းဘိုဘိုက အသင်းရုံး ဖွင့်လှစ်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ 

 

df

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသင်းရုံးသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။

 


ဟန်ဌေး(လားရှိုး)