အောက်တိုဘာ ၄

နီပေါနိုင်ငံတွင် မကြာသေးမီက ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် ယမန်နေ့ညနေပိုင်းအထိ သေဆုံးသူ ၂၃၆ ဦး ရှိလာကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါသဘာဝဘေးများကြောင့် ပျက်စီးသွားသော အဝေးပြေးလမ်းများပြင်ဆင်ရန် အာဏာပိုင်များက ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မုတ်သုံမိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် အဝေးပြေးလမ်း ၃၄ ခု ပိတ်ဆို့သွားကြောင်း အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။

ပိတ်ဆို့သွားသော အဝေးပြေးလမ်းများ ယာယီပြန်လည်ဖွင့်လှစ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်းထက်မနည်း လိုအပ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို