ဂါဇာ အောက်တိုဘာ ၄
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ ဦးရေသည် အောက်တိုဘာ ၃ ရက်အထိ ကာလအတွင်း ၄၁၇၈၈ ဦးအထိ ရှိလာခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေး အာဏာပိုင်များက အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်ဘက်၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား ၉၉ ဦး သေဆုံး ပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကာ လက်ရှိတွင် သေဆုံးသူစုစုပေါင်း ၄၁၇၈၈ ဦး ရှိလာကြောင်း သိရသည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူပေါင်း ၉၆၇၉၄ ဦး ရှိလာကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ စာသင်ကျောင်းပေါင်း ၁၄၀ ကျော် တိုက်ခိုက်ခံခဲ့ရကြောင်း ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အကိုင် အေဂျင်စီ၏ မဟာမင်းကြီး လက်ဇာရီနီက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်


