မိုးမိတ် ၄ မတ်

 

ရှမ်းပြည်(မြောက်ပိုင်း) မိုးမိတ်ခရိုင်တွင်  ၂၀၁၉ ခုနှစ် မတ် ၆ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းတွင်းဖြေ၊ ပြင်ပဖြေ ကျောင်းသား ကျောင်းသူ စုစုပေါင်း  ၁၈၂၈ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မိုးမိတ်ခရိုင်တွင် မိုးမိတ်မြို့နယ်၌ စာစစ်ဌာန နှစ်ခုနှင့် မဘိမ်းမြို့နယ်၌ စာစစ်ဌာန နှစ်ခုစီ ဖွင့်လှစ်ထားရှိပြီး ရပ်ဝေး ကျောင်းသား ကျောင်းသူများအတွက် အလွယ်တကူ လာရောက်ဖြေဆိုနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် စာမေးပွဲကာလအတွင်း ခေတ္တနေထိုင်စေကြောင်း ဒုလက်ထောက်ပညာရေးမှူး ဦးတင်အောင်သန်းက ပြောသည်။

 

ထို့နောက် မိုးမိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အတွင်းရှိ  စာစစ်ဌာနများအား လိုက်လံကြည့်ရှုခဲ့ပြီး စာမေးပွဲကာလအတွင်း စာဖြေကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိနိုင်ရေးအတွက် လိုအပ်သော ကျန်းမာရေး ကြီးကြပ်ဆောင်ရွက်ထားရှိ အခြေအနေများ၊ မီးဘေးလုံခြုံးရေး၊ ကျောင်းဝင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြင့် ကျင်းပသွားနိုင်ရန်အတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စည်သူဌေး (ပြန်/ဆက်)