နတ်တလင်း ၅ ဖေဖေါ်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုတူးမြောင်းမကြီး ပေတို (၅၀+၂၀ဝ) အနီး မင်းဘူးကျွန်ရေသလျောက်၏ အထက်ဘက်ပိုင်းနေရာတွင် မတ်လ ၃ ရက်က ညာဘက်ခြမ်း ထူးပေါက်ဖြစ်ပေါ်ပြီး အလျားပေ (၅၀) ခန့် တူးမြောင်းပေါင်ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်ပွားခဲ့သည့် နေရာအောက်ပိုင်းတွင် နွေစပါးဧက (၂၃၀ဝ)ခန့် စိုက်ပျိုးထားပြီးဖြစ်သော်လည်း ပျက်စီးမှုတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
တူးမြောင်း ကျိုးပေါက်မှုဖြစ်ပွားခြင်း သိရှိသည်နှင့် တူးမြောင်းမကြီး ရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းပြီး ပြုပြင်ခြင်းလုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းပြုပြင်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ဘက်ဟိုး (၃)စီး၊ ဘူဒိုဇာတစ်စီး၊ မြေသယ်ယာဉ် (၃) စီးတို့ကို အသုံးပြု၍ လက်ထောက်ညွန်ကြားရေးမှုး (သာယာဝတီ) နှင့် မြို့နယ်ဆည်မြောင်းဌာန တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မတ်လ ၇ ရက်နေ့တွင် ရေပြန်လည်ပေးဝေပေးမည်ဖြစ်ကြောင်း သိရသည်။
တင်မြင့် နတ်တလင်း


