ကွတ်ခိုင် ၅ မတ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများသည် မတ်လ ၄ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် (၃၈) မိုင်မန်ပြိန်း ကျေးရွာအုပ်စု ပါကျူကျေးရွာရှိ တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးစခန်းသို့ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးစခန်းသည် Bliss Myanmar International ကုမ္ပဏီမှ တင်ဒါအောင်ပြီး တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ ခွင့်ပြုရန် ပုံငွေ ကျပ်သန်းပေါင်း ၅၆၄.၅၄၇ ခန့်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ စခန်းသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဝင်ရောက်ကြည့်ရှုခဲ့ရာတွင် စိုက်ပျိုးရး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာခင်အောင် (ညွှန်ကြားရေးမှူး)က ဆောင်ရွက်ပြီးစီးမှုနှင့် ဆောက်လုပ်ဆဲ အခြေအနေများအား Power Pointဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွတ်ခိုင်မြို့Orental Highway Co.,ltdမှ ဆောင်ရွက်လျက်ရှိသော လားရှိုး-မူဆယ် လမ်းပိုင်းအခြေအနေအား သွားရောက်စစ်ဆေးရာ Orental Highway Co.,ltdမှ ဒါရိုက်တာ တင်ကိုကိုက လားရှိုး-မူဆယ် လမ်းပိုင်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မိုင်း(ကွတ်ခိုင်)


