ပလောက် ၅ မတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၂)ရပ်ကွက် ခရစ်ယာန်ဘုရားကျောင်း၌ ကျန်းမာရေးဌာနမှ ဆေးစိမ်ခြင်ထောင်များကို မတ်လ ၄ ရက်က အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးစိမ်ခြင်ထောင်များကို ပလောက်မြို့ အမှတ်(၁)ရပ်ကွက် သားဖွား ဆရာမ ဒေါ်သန်းဌေးနှင့်အဖွဲ့က ပလောက်မြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် ငှက်ဖျား ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ စသည့် ရောဂါများ ကင်းဝေးစေရန်အတွက် ဆေးစိမ်ခြင်ထောင် အလုံး ၄၀၆ လုံး အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
နိုင်ဦး (ပလောက် ပြန်/ဆက်)


