နေပြည်တော် ၅ မတ် 

 


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. John Nielsen နှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ကော်မရှင်၏ လက်ရှိဆောင်ရွက်နေသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစီမံချက် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နည်းပညာ အကူအညီပေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 


(သတင်းစဉ်)