ရန်ကုန် ၅ မတ် 

 

မတ် ၆ ရက်မှ ၉ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် အာရှပစိဖိတ် မျက်စိရောဂါ အကယ်ဒမီညီလာခံ (Asia- Pacific Academy of Ophthalmology Congress) ၌  မြန်မာမျက်စိ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးအေးထွန်းအား “မိမိနိုင်ငံအတွက် မျက်စိရောဂါပညာကို မြင့်မားတိုးတက်အောင် ထင်ရှားကျော်ကြားစွာ ဆောင်ရွက်ခဲ့သည့်အတွက် ချီးမြှင့်သော စွမ်းဆောင်ရည်ဆု (၂၀၁၉) (APAO Distinguished Service Award for improving ophthalmology in their Country) နှင့် မြန်မာမျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးမင်းသိမ်းအား “မျက်မမြင် ကာကွယ်ရေးလုပ်ငန်းကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည့်အတွက် ချီးမြှင့်သော စွမ်းဆောင်ရည်ဆု (၂၀၁၉) (APAO Outstanding service in prevention of blindness Award ၂၀၁၉ )တို့ကို ချီးမြှင့်ပေးအပ်မည် ဖြစ်သည်။ 

 

မျက်စိဆရာဝန်ကြီး ၂ ဦးသည် အဆိုပါဆုများကို လက်ခံရယူရန် မတ် ၅ ရက်   နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့သို့ ထွက်ခွာသွားသည်။

 

မျက်စိဆရာဝန်ကြီးများနှင့်အတူ   မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းနှင့် မျက်စိဆရာဝန်ကြီး တွဲဘက်ပါမောက္ခ ဒေါက်တာဦးစန်းလှိုင်မင်းတို့ လိုက်ပါသွားသည်။  

 

(သတင်းစဉ်)