သထုံ  ၆  မတ်  


မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ စာစစ်ဌာနများတွင် မတ်လ ၆ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ကျောင်းသားကျောင်းသူများက အေးချမ်းစွာ ဖြေဆိုခဲ့ကြပြီး လာရောက်ဖြေဆိုရန်ပျက်ကွက်သူ ၂၅၀ ဦး ရှိကြောင်း သိရသည်။

 

1


သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းထားသူပေါင်း ၄၀ဝ၃ ဦး ရှိသည့်အနက် ပထမနေ့တွင် အထက(၁) စာစစ်ဌာန၌ ဖြေဆိုသူ ၆၈၄ ဦး၊ အထက(၂) စာစစ်ဌာန၌ ဖြေဆိုသူ ၈၇၆ ဦး၊ အထက(ကျိုက္ကော်) စာစစ်ဌာန၌ ဖြေဆိုသူ ၆၂၅ ဦး၊ အထက(သိမ်ဆိပ်) စာစစ်ဌာန၌ ၄၄၈ ဦး၊ အထက(ကြာပန်း) စာစစ်ဌာန၌ ဖြေဆိုသူ ၄၁၃ ဦး၊ အထက(နောင်ကုလားရှမ်းရွာ) စာစစ်ဌာန၌ ဖြေဆိုသူ ၂၀၁ ဦး၊ အထက(မရမ်းကုန်း) စာစစ်ဌာန၌ ဖြေဆိုသူ ၂၅၈ ဦး၊ အထက(ပန်းတိမ်ရိုးဖော်ဖ) စာစစ်ဌာန၌ ဖြေဆိုသူ ၂၄၈ ဦး၊ စုစုပေါင်း စာစစ်ဌာန ရှစ်ခု၌ ဖြေဆိုသူ ၃၇၅၃ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၂၅၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


စာမေးပွဲ ကျင်းပချိန်အတွင်း မြို့နယ်ရဲတပ်ဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က စာစစ်ဌာန ကျောင်းဝင်းပြင်ပနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းဝင်း အတွင်းနှင့် စာဖြေခန်း အသီးသီးတို့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် လုံခြုံရေး တာဝန်များကို ခွဲဝေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သက်ဦး(သထုံ)