မိုးညှင်း ၆ မတ် 


ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် မိုးညှင်းမြို့နယ် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မိုးညှင်းမြို့ အောင်သပြေရပ်ကွက် မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိသော ပြည်သူအကျိုးပြု လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံ ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တင်ပြခဲ့ကြသည်။ ထို့နောက် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နီတိုး 

 

 

1