ရေကြည် ၆ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ ကိုယ်ပိုင် ဉာဏ်၊ ကိုယ်ပိုင်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေကြည်မြို့နယ်ရုံး၊ လူထုအခြေပြု Community Centre ၌ ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က ကလေးများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်မှူးဒေါ်ဇင်မီမီဝင်းမှ စာရေးဆရာကောင်းမြတ်မင်း၏ "မသိတာတွေ သိစရာတွေ" စာအုပ်ကို ဖတ်ပြခဲ့ပြီး ကလေးများနှင့် အပြန်အလှန် မေးမြန်းခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


