ပင်းတယ ၆ မတ်  


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပင်ပျော် ကျေးရွာအုပ်စု၊ လေထိုးကုန်းကျေးရွာရှိ အင်းဝန်းရှေးဟောင်းဘုန်းတော်ကြီးကျောင်း ပြုပြင် ဆောက်လုပ်ရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ယမန်နေ့က အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ အင်းဝန်းဘုန်းတော်ကြီးကျောင်းသည် ရှေးနှစ်ပေါင်း ၁၂၀ ခန့်က ဆောက်လုပ်ခဲ့သော အလျား ၉၅ ပေ၊ အနံ ၇၅ ပေနှင့် အမြင့် ၄၈ ပေရှိသည့် သစ်သားကျောင်းတော်ကြီး ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

1


ကျောင်းပြုပြင်ဆောက်လုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ထွေးနှင့် ရပ်နီးရပ်ဝေး အလှူရှင်များက အလှူငွေများ ထည့်ဝင်လှူဒါန်း၍ ရှေးမူမပျက် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်နေ ကြောင်းသိရသည်။ အဆိုပါ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ပြုပြင် တည်ဆောက်နေမှုများကို ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ပြီး အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းပြုပြင် ဆောက်လုပ်ရေးကော်မတီဥက္ကဌဦးကျော်ထွေးက လက်ခံ ရယူခဲ့ကြောင်း သိရသည်။


ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြပြင်ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ “အခုဘုန်း တော်ကြီးကျောင်းဟာ ရှေးဟောင်းသမိုင်းဝင် သစ်သားကျောင်းတော်ကြီးဖြစ်ပြီး ရာသီဥတု ဒဏ်များကြောင့် အမိုး၊ အကာနှင့် အခင်းတွေက ပျက်စီးလာတာကြောင့် ရှေးမူမပျက်စေဘဲ ပြန်လည်ပြုပြင် ထိန်းသိမ်းပေးရခြင်းဖြစ်တယ်။ ယခုကျောင်းပြုပြင်ဖို့အတွက် လက်ခံရရှိတဲ့ အလှူငွေကျပ် စုစုပေါင်း ၁၁၀၅၉၀ဝ၀ ကျပ်ဖြစ်ပြီး ကျောင်းပြုပြင်ခြင်းလုပ်ငန်းကို ဆောင် ရွက်ရာ လက်ကျန်ငွေကျပ် ၄ သိန်းကျော်သာရှိပါတယ်။ ကျောင်းပြုပြင်ပြီးစီးတဲ့အထိ ခန့်မှန်း ကုန်ကျငွေကတော့ ကျပ်သိန်း ၅၀ဝ ခန့်ရှိတဲ့အတွက် ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ပြီးမြောက်အောင် ဆောင်ရွက်ရန်အတွက် အလှူငွေများလည်း ထပ်မံလိုအပ်လျက်ရှိပါတယ်“ ဟု ဦးကျော်ထွေးထံမှ သိရသည်။


ခင်မျိုးနွယ်(ပင်းတယ)

 

1