နေပြည်တော် ၆ မတ်
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အားဖြည့်ဆန်မိတ်ဆက်ခြင်း စီမံကိန်းနှင့်စပ်လျဉ်း၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များ အာဟာရချို့တဲ့မှု ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အားဖြည့်ဆန်ထုတ်လုပ်ခြင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးခြင်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


