နေပြည်တော် ၆ မတ် 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့ စတင်ဖြေဆိုကြသည်။

 

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် မြန်မာစာဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၉၇၉၉၄ ဦးတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅၁၅၇၀ ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ (၄၆၄၂၄) ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း (၉၄ ဒသမ ၈၃) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)