မနီလာ ဒီဇင်ဘာ ၉

 

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ကန်လာအွန် မီးတောင်သည် ဒီဇင်ဘာ ၉ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြာနှင့်ဓာတ်ငွေ့များ ကောင်းကင်ပေါ်သို့ လွင့်စင်ခဲ့ကြောင်း ဖိလစ်ပိုင်မီးတောင် နှင့်ငလျင်ဌာနက ပြောကြားခဲ့သည်။

 

ပေါက်ကွဲမှုသည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ကန်လာအွန် မီးတောင်ထိပ်ဝ၌ ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဌာနက ဆက်လက်ပြောကြားခဲ့ပြီး သတိပေးမှုများ ထုတ်ပြန်ခဲ့သည်။

 

မီးတောင်ထိပ်ဝမှ အမြင့်ပေ မီတာ ၃၀၀၀ အထိ ပြာနှင့်ဓာတ်ငွေ့ များပန်းထွက်ခဲ့ပြီးနောက် အဆိုပါ ပြာနှင့် ဓာတ်ငွေ့များသည် အနောက်-နောက်တောင်ဘက်သို့ ဆက်လက်ပျံ့နှံ့သွားခဲ့ကြောင်း အင်စတီကျူက ဆက်လက်ပြောကြားခဲ့သည်။

 

မီးတောင်နှင့် ပတ်သက်ပြီး သတိပေးအဆင့် သတ်မှတ်ချက်ငါးချက် ရှိသည့်အနက် အဆင့်သုံးအထိ သတ်မှတ်ထားသည်။  ဒေသခံ ရွာသူရွာသား ၂၀၀၀ ခန့်အား မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာနှင့် ခြောက်ကီလိုမီတာ အဝန်းအဝိုင်းအတွင်း ဝင်ရောက်ခြင်း မပြုရန်နှင့် ဘေးအန္တရာယ်ကင်းရာသို့ ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

 

ဆင်ဟွာ