ထီးချိုင့် ၇ မတ်
စစ်ကိုင်းတိုင်ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရက်ကန်းသင်တန်း ဆင်းပွဲကို မတ် ၆ ရက် နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဘဝင်းတို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းက သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသူများထံ အသီးသီးပေးအပ်ကာ သင်တန်းကာလအတွင်း သင်တန်းသူများ လက်တွေ့ရက်လုပ်ထားရှိမှု အခြေအနေများကို ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၂ ရက်မှ မတ် ၂ ရက်ထိ သင်တန်းကာလ နှစ်လကြာ သင်ကြားပို့ချခဲ့ပြီး ထီးချိုင့်မြို့နယ် အတွင်းရှိ ဇီးကုန်းကျေးရွာ၊ တည်တောကျေးရွာ၊ စပ်စားကျေးရွာ၊ ဖုန်ကုန်းလေးကျေးရွာနှင့် ကုက္ကိုယ်ကုန်းကျေးရွာတို့မှ သင်တန်းသူ ၁၀ ဦးတက်ရောက်ကြကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


