ဒေးဒရဲ ၇ မတ် 


စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန်အတွက် ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝါသနာတူ ကလပ်အသင်းများ၊  ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃ နာရီက ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နဲ့ လူမှုရေး စာအုပ်မှ လူငယ်နဲ့ဝါသနာ ဆောင်းပါးအား ဆရာမ ဒေါ်မြင့်မြင့်သန်းက ဦးဆောင် ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြသည်။


အဆိုပါ စာဖတ်ဝိုင်းသို့ ဝါသနာတူ ကလပ်အသင်းများ၊ အခြေခံပညာမူလတန်း(မြို့မ)ကျောင်းက ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN