ငပုတော ၇ မတ်       


တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ငပုတောမြို့ပေါ်ရှိအခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှုဘေးအန္တရာယ်ကင်းရှင်းစေရေး၊ မီးဘေးလုံခြုံရေးနှင့် ကျန်းမာရေးအခက်အခဲများ ပေါ်ပေါက်လာပါက ကူညီဆောက်ရွက်ပေးနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်သတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကူညီဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ငပုတောမြို့နယ်အတွင်း၌စာစစ်ဌာန ၁၂ ခု ဖွင့်လှစ်ပေးလျက်ရှိပြီး အင်္ဂလိပ်စာဘာသာရပ်အတွက် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေ ၄၀၅၂ ဦး ရှိကြောင်း သိရသည်။


လှမင်းထွဋ် (ပြန်/ဆက်)