ရွှေသောင်ယံ  ၇  မတ်  


ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်အပိုင် လယ်တောအစပ်ရှိ လူနေတဲတစ်လုံးအား ယမန်နေ့ ည (၁၁) နာရီ အချိန်ခန့်က တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးခံရ၍ ၍ တဲအဖီအမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

1


အဆိုပါ လယ်တောတဲသည် အမှတ်(၁)ရပ်ကွက်နှင့် ငါးဖာလုံခန့်သာဝေးကွာပြီး လူအများစီးပွား ဖြစ်စိုက်ပျိုးထားသော ကွမ်းခြံများ၊ ငှက်ပျောခြံများ ရှိသည့်အတွက် တောဆင်ရိုင်းများ အုပ်လိုက်ရောက်ရှိမည်အရေးကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။


ကိုကိုမောင်(ပြန်/ဆက်)