ဒီဇင်ဘာ ၂၆
မော်လ်ဒိုက်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုအရေအတွက် အများဆုံးဖြင့်စံချိန်တင်ခဲ့ကြောင်း ပီအက်စ်အမ်နယူးစ်တွင် ယမန်နေ့ကသတင်းဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ခရီးသွား ၁ ဒသမ ၉၇ သန်း ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ် ခရီးသွားဝင်ရောက်မှုထက် ၉ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု ပီအက်စ်အမ်သတင်းဌာနဖော်ပြချက်အရ သိရသည်။
ယခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုအရေအတွက်သည် ၂၀၂၃ ခုနှစ် ခရီးသွားဝင်ရောက်မှုအရေအတွက်ထက် ကျော်လွန်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှု နှစ်သန်းရှိမည်ဟု မျှော်မှန်းထားကြောင်း ပီအက်စ်အမ်ကဖော်ပြထားသည်။
လာမည့်နှစ်များတွင် ခရီးသွားကဏ္ဍကို မြှင့်တင်ရန်နှင့် အမျိုးမျိုးပြောင်းလဲ ထုတ်လုပ်ရန်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် မော်လ်ဒိုက် အမျိုးသားလေကြောင်းလိုင်း ကိုယ်ထည်ကျယ်သော လေယာဉ်များကို အသုံးပြုကာ နိုင်ငံတကာပျံသန်းမှုများ စတင်ရန် စီစဉ်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


