မံစီ ၇ မတ်
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ ရပ်ကွက် ၇၊ မံစီ - မံဝိန်းကြီး ကားလမ်းဘေး ယာဘက်ခြမ်း၌ မတ် ၅ ရက်က နွားကျောင်းနေစဉ် ကြိုးဆွဲလက်ပစ်ဗုံးဟု ယူဆရသည့် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိသဖြင့် ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များကို မတ် ၇ ရက် နံနက် ၁၁ နာရီက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပေါက်ကွဲမှုကြောင့် ထိခိုက်သူ ၆ ဦးကိ်ု တစ်ဦးလျှင် ငွေကျပ် ၅၀ဝ၀ဝ စီ လှူဒါန်းခဲ့ပြီး မံဝိန်းကြီးကျေးရွာရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများက ဆေးရုံတက်ရောက်နေသူ တစ်ဦးလျှင် ငွေကျပ် ၁၅၀ဝ၀၊ ဆေးရုံဆင်းပြီးသူ တစ်ဦးလျှင် ငွေကျပ် ၁၀ဝ၀ဝ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မံစီ (ပြန်/ဆက်)


