နေပြည်တော်  ၇ မတ်  

  

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ ရှေ့နေ၊ ရှေ့ရပ်များအဖွဲ့အား ယနေ့ နံနက် ၈ နာရီ တွင်နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

    

တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေရေးရာကိစ္စရပ်များ၊ တရားရေးဆိုင်ရာ ချိတ်ဆက်မှုများ၊ အပြန်အလှန်ထိန်းညှိမှုများ၊ တိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်း မြေယာဆိုင်ရာ အချက်အလက်များကို ရင်းနှီးပွင့်လင်းစွာတင်ပြ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)