မိုးညှင်း ၈  မတ် 

 

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အုတ်ကျင်းရပ်ကွက်အတွင်းရှိ စစ်ရှောင်စခန်းအတွင်း လူနေအိမ်များနှင့် အိမ်သာများ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း လွယ်ယန်ဘွမ်လူထု ဖွံ့ဖြိုးရေးအသင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလရိန်ထံမှ သိရသည်။

 

အုတ်ကျင်းရပ်ကွက်အတွင်းရှိ စစ်ရှောင်စခန်းအတွင်း မြေအလျား ပေ(၄၀)၊ အနံပေ(၅၀) မြေကွက်လပ်ပေါ်တွင် ဆောက်လုပ်မည့် အိမ်အမျိုးအစားမှာ ကြမ်းခင်းအမြင့် (၃)ပေ အကျယ် (၉)ပေ၊ နှစ်ခန်းပတ်လည် ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုးမြေ စိုက်မီးဖိုးဆောင်တွဲလျက် လုံးချင်းနေအိမ် (၁၉)လုံးနှင့် ကြွခွေက်တပ် ယင်လုံအိမ်သာ(၂၀)လုံးပါ တပါတည်း တည်ဆောက်ပေးသွားမည်ဖြစ်သည်။

 

 “ကျွန်တော်တို့ ဒီလ နှစ်ရက်နေ့ကစတင် ပန္နက်ချပြီး ဆောက်လုပ်ခဲ့တယ်။ အခုဆို နေအိမ်(၅) လုံးကတိုင်ထူ၊ တန်းတွေပစ်ထားပြီးပြီ။ အခုဆောက်နေတဲ့အိမ်(၅)လုံး သွပ်မိုးပြင်ခင်းပြီးပြီဆိုရင် နောက်(၄)လုံး ဆက်လက်ဆောက်သွားမယ်”ဟု နေအိမ်ဆောက်လုပ်ရေး တာဝန်ခံဦးမျိုးသိန်း က ပြောသည်။

 

အဆိုပါလူနေအိမ်များကို (၄၅) ရက်နှင့်အပြီး တည်ဆောက်ရမည်ဖြစ်ပြီး နေအိမ်တစ်လုံးကို ငွေကျပ်(၄၅) သိန်း၊ အိမ်သာ(၁)လုံးကို ငွေကျပ် (၂၀၅၀ဝ၀) ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ရှောင်စခန်းများရှိ အိမ်ထောင်စု(၂၀)တို့သည် ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းကရှမ်းပြည် နယ်မြောက်ပိုင်းမန်တုံမြို့နယ်မှနယ်မြေလုံခြုံရေးအခြေအနေအရ ကချင်ပြည်နယ်၊ မိုးညှင်း မြို့ အုတ်ကျင်းရပ်ကွက်အတွင်း သို့စစ်ဘေးရှောင်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN

 

DSC0