ငပုတော ၈ မတ်
ကျေးရွာနေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်စေရန်ရည်ရွယ်လျက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထက်ပြွန်ကျေးရွာအုပ်စု အထက်ပြွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မတ် ၇ ရက်မှ ၈ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးရခြင်းမှာ သွားရေးလာရေးခက်ခဲနေသော ဒေသများမှပြည်သူများအဆင်ပြေစေရန်နှင့် လူတစ်ဦးချင်းစီ၏ နိုင်ငံသားအခွင့်အရေးရရှိရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကာ မြို့နယ်ဒုလဝကမှူး ဒေါ်ခင်မြမြစိုးနှင့် ဝန်ထမ်းများက လူဦးရေ ၁၇၂ ဦးအား မှတ်ပုံတင်ရရှိရေးဆောက်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


