ဓနုဖြူ ၈ မတ်
ဓနုဖြူမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဘာသာရပ် ဖြေဆိုနေစဉ် အ.ထ.က (၁) စာစစ်ဌာနမှ မမေခင်သူဇာ၊ ခုံအမှတ်-အန/၂၁ သည် နံနက် ၁၀ နာရီခွဲခန့်က အစာအိမ်ရောင်ရောဂါ ရုတ်တရက် ဖြစ်ပွားသဖြင့် မြို့နယ်ရဲမှူး ရဲမှူးထွန်းစိုးသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများမှ မြို့နယ်ပြည်သူ့ဆေးရုံသို့ မီးတန်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရသည်။
အဆိုပါ ကျောင်းသူအား မြို့နယ်ဆေးရုံ သံဃာဆောင်တွင် နံနက် ၁၁ နာရီအချိန်ခန့်မှ ဆေးကုသမှု ခံယူကာ သင်္ချာဘာသာရပ်အား ကိုယ်တိုင်ဆက်လက် ဖြေဆိုလျက်ရှိပြီး စာမေးပွဲကြီးကြပ်အဖြစ် အထက်တန်းပြ ဆရာမ ဒေါ်မော်လွင်ဦးနှင့် ဒေါ်သူဇာလွင်တို့မှ စောင့်ကြပ်လျက်ရှိပြီး လုံခြုံရေးအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


