နေပြည်တော် ၈ မတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ မလေးရှားနိုင်ငံ လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသွင်းအား စုစက်ရုံနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံလိုမှုအပေါ် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အုန်းသီး၊ နာနတ်သီးအပါအဝင် ဒေသထွက်ကုန်များကို တန်ဖိုးမြင့် ထွက်ကုန်များအဖြစ် ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မလေးရှားနိုင်ငံသို့ ဆန်တင်ပို့ရောင်းချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


