သံတောင်ကြီး ၉ မတ်
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလေးများ စာကြည့်တိုက်သို့ လာရောက်၍ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ သံတောင်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းတွင် ကလေးစာဖတ်ခန်း၌ ကိုယ်လက်လှုပ်ရှား လေ့ကျင်းခန်းများပြု လုပ်ပေးခြင်း ပုံပြင်များပြောပြခြင်းနှင့် ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။
ကျောင်းသား၊ ကျောင်းသူလေးများအား ဗဟုသုတရှိစေမည့်ပုံပြင် စာအုပ်များအား ဖတ်ပြခြင်း ကျန်းမာရေးနှင့်ဉာဏ်ရည်ထက်မြက်စေရန် ကိုယ်လက်လှုပ်ရှား ကစားနည်းများကို ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား ပုံပြင်ပြော ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး နော်လော်မူက ဆုများချီးမြင့်ပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


