ရှမ်းရွာသစ်   ၉  မတ်


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်လေးများသည် စာဖတ်စွမ်းရည်ပြည့်ဝသည့် လူငယ်လေးများဖြစ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကို ရှာဖွေတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်နှင့် ရဲဝင့်စွာ ပြိုင်ဆိုင်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းသားလူငယ်များ၏ ပန်းချီဆွဲပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက ကလေးစာဖတ်ခန်းနှင့် လူထုအခြေပြုဗဟိုဌာနခန်းမတို့တွင် ပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲ၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပန်းချီဆွဲပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၅ ဦးတို့က စိတ်ဝင်စားစွာ ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းကို ဆောင်ရွက်ရာ ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများ စာအုပ်မှ မိုင်(ဗီယက်နမ်နိုင်ငံ)၊ မင်န(ဘင်္ဂလားဒေ့ရှ်နိုင်ငံ)၊ နီရာ(အင်ဒိုနီးရှားနိုင်ငံ)၊ ချွန်ဟာ (ကိုရီးယားသမ္မတနိုင်ငံ)နှင့် နွန်(ထိုင်းနိုင်ငံ)တို့အကြောင်းကို ကျောင်းသား ကျောင်းသူလေးများက ဖတ်ရှုခဲ့ပြီး အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူလေးများကို တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ဝေဠု (ပြန်/ဆက်)

 

IMG_201