မိုင်းရှူး   ၉   မတ်    


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းရှူးမြို့လယ်တံတားအနီး၌ အရှည်ပေ ၁၃ဝ၊ ခန်းဖွင့်ဖွဲ့စည်းပုံအားဖြင့် (၂ဝ ပေ×၁ ခန်း+ ၄၅ ပေ× ၂ ခန်း× ၁ ခန်း)၊ တံတားအကျယ်ပေ ၃၀၊ ယာဉ်သွားလမ်း အကျယ်(၂၄)ပေ၊ လူသွားလမ်း တစ်ဖက် ၃ ပေစီ နှင့်  တန် ၆ဝ) (ယာဉ်တစ်စီးချင်း)ရှိ ယာဉ်များဖြတ်သန်းသွား လာနိုင်မည့် သံကူကွန်ကရက်တံတား အသစ်တစ်စင်း ထပ်မံတည်ဆောက်လျက်ရှိသည်။


အဆိုပါ မိုင်းရှူးမြို့လယ်တံတားကို တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့  (၁၂) က ကျပ်သန်း  ၂၅၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းကာလကို ၁.၁၂. ၂၀၁၈ မှ ၃၀.၉.၂၀၁၉ ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ၎င်းတံတားတည်ဆောက်ပြီးစီးပါက ယခင်တည်ဆောက်ထားသည့်တံတားနှင့် တံတားနှစ်စင်း အသုံးပြုနိုင်တော့မည်ဖြစ်၍ ပြည်သူများ၊ ယာဉ်များအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN