ပင်လည်ဘူး ၉ မတ်
ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီ ရောက်ပြီဖြစ်သည့်အတွက် မီးလောင်မှု မရှိစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံလင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနေတိုးနှင့် တပ်ဖွဲ့ဝင်များသည် မတ် ၉ ရက်နေ့ နံနက်ပိုင်းက မီးဘေးအန္တရာယ် လုံခြုံရေးအတွက် မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီဆိုင်များတွင် မီးချိတ် မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများထားရှိမှု ရှိ မရှိ၊ စက်သုံးဆီများ သိုလောင်ထားသည့် ဆီလှောင်ကန်၊ ဆီပုံးများ သန့်ရှင်းသပ်ရပ်မှု၊ ခိုင်လုံမှု ရှိ၊ မရှိနှင့်စနစ်တကျ ထားရှိမှု ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မီးလောင်မှု ဖြစ်ခဲ့ပါကမီးသတ်ဆေးဘူးနှင့် အရေးပေါ်မီးငြိမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြသမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး မီးလောင်မှု ဖြစ်ခဲ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီသတင်း ပေးပို့ ကြရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


