စေတုတ္တရာ ၉ မတ်
ကျေးလက်နေပြည်သူများ မွေးမြူရေးဆိုင်ရာ အသိပညာများ တိုးတက်လာစေရန်နှင့် စနစ်တကျ မွေးမြူတတ်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို မတ် ၉ ရက်တွင် စေတုတ္တရာမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စေတုတ္တရာမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဖိုးကျော်မင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်မှ မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို စေတုတ္တရာမြို့နယ်ရှိ ကျေးရွာပေါင်း (၂၀)မှ သင်တန်းသား (၂၀)ဦး တက်ရောက်ကြပြီး သန်တန်းကို မတ် ၉ ရက်မှ ၁၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


