ကျိုက်မရော ၉ မတ် 


ကျေးလက်နေ အမျိုးသမီးများအား စာအုပ်စာပေ လေ့လာဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်နှင့် လူကုန်ကူးမှု အန္တရာယ်များအကြောင်း ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် လူကုန်ကူးမှု တားဆီးရေး အသိပညာပေးဟောပြောပွဲကို မတ် ၉ ရက် မွန်းလွဲ ၂ နာရီက ပိန်းနဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ရွှေက အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပိန်းနဲကုန်းကျေးရွာ မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်ထားရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ သိမ်ဖြူကုန်းကျေးရွာ အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်လဲ့လဲ့မော်က အမျိုးသမီးများအား လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် တက်ရောက်လာသူများက မိမိတို့တွေ့ကြုံခံစားနေရသည့် လူမှုရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည်များကို အချင်းချင်းအပြန်အလှန် ဆွေးနွေးတိုင်ပင်၍ အသိပညာများ ဖလှယ်ခဲ့ကြကြောင်း၊ အခမ်းအနားသို့ ပိန်းနဲကုန်းကျေးရွာနှင့် သိမ်ဖြူကုန်းကျေးရွာများမှ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN