တပ်ကုန်း ၉ မတ်

နေပြည်တော် တပ်ကုန်းမြို့၊ မြို့မဈေးကြီးတွင် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ဈေးအတွင်း မီးသတ်ကားများ ဝင်/ထွက် မီးငြှိမ်းသတ်နိုင်ရန်အတွက် မြို့မဈေးကြီး၏ တောင်ဘက် ငုရွှေဝါလမ်းအတွင်း လမ်းပိတ်ဆို့မှုများ ရှင်းလင်းခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ထွန်းနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့မဈေးအုပ်ချုပ်ရေးမှူးနှင့် ဈေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းတာ(တပ်ကုန်း)