ပင်လည်ဘူး ၁၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံလင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးနေတိုးနှင့် တပ်ဖွဲ့ဝင်များသည် မတ် ၉ ရက် နံနက်ပိုင်းက မီးဘေးအန္တရာယ် လုံခြုံရေးအတွက် မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ စက်သုံးဆီဆိုင်များတွင် မီးချိတ် မီးကပ်၊ သဲပုံး ရေပုံး၊ မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ မရှိ၊ စက်သုံးဆီများ သိုလောင်ထားသည့် ပေပါနှင့် ဆီလှောင်ကန်၊ ဆီပုံးများ သန့်ရှင်းသပ်ရပ်မှု၊ ခိုင်လုံမှု ရှိ/မရှိနှင့် စနစ်တကျထားရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။ ထို့ပြင် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားရန်နှင့် မီးသတ်ဆေးဘူးဖြင့် အရေးပေါ် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


