အိမ်မဲ ၁၀ မတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာပေချစ်မြတ်နိုးသူ အဖွဲ့များက ဆရာဖေမြင့်၏ "စဉ်းစားခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ် ၉ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

200

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကျင်းပရာ စဉ်းစားခြင်း စာအုပ်မှ "အသက်ဘေးမှ လွတ်မြောက်အောင် ရုန်းထွက်ခြင်း"၊ "ဖောက်ထွက် အတွေးနမူနာများ"၊ "စဉ်းစားစရာ ပြဿနာများ(အထွေထွေ)"၊ "စဉ်းစားခြင်းဆိုင်ရာ နည်းနာများ" အစရှိသည့် ခေါင်းစဉ်များကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်မိုး၊ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးငွေကြည်၊ Youth Club နာယက ဦးစိုးထွန်း၊ Youth Club ဥက္ကဋ္ဌ ဦးပြည့်ဇော်ဖြိုး၊ ရွှေအိမ်စံမောင်မောင်နှင့် ကဗျာဆရာများ၊ စာပေချစ်မြတ်နိုးသူများက မိမိတို့အမြင်နှင့် ခံစားချက်များကို ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)