အိမ်မဲ ၁၀ မတ် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို အိမ်မဲမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ မတ် ၉ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

22

 

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ကျေးလက်နေပြည်သူများအား မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်အကြောင်း၊ သဘာဝဘေး အန္တရာယ်အကြောင်းနှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူးဒေါ်တင့်ခိုင်စိုးက ကျန်းမာရေး အသိပညာရရှိစေမည့် အကြောင်းအရာများကို ဟောပြောကာ မျက်စိ၊ နား၊ ချောင်းဆိုး၊ သွေးတိုး၊ မီးယပ်၊ ရင်ကြပ်၊ အကြောတက်ရောဂါ အစရှိသည်တို့ကို အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

 

211

 

ထို့နောက် ပြန်/ဆက်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား နိုင်ငံတော် အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု လှုပ်ရှားမှုဓာတ်ပုံများ၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်ဓာတ်ပုံများ ပြသပေးခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)