ဝက်လက် ၁၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုသင်တန်းကို မတ် ၁၀ ရက်၊ နံနက် ၉ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦးက သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်နှင့် ကျေးရွာတစ်ရွာလျှင် အမှိုက်ကင်းစင်ရေးအတွက် ကော်မတီဝင် ၇ ဦးဖြင့် ဖွဲ့စည်ရေး၊ တစ်ပတ်လျှင်တစ်ရက် အမှိုက်သိမ်းစည်းရေး၊ ပရဟိတအဖွဲ့များ၊ လူမှူရေးအသင်းဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်ရေး၊ လိုအပ်ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဝက်လက်မြို့နယ် အတွင်းရှိ မင်းစုကျေးရွာ၊ မူးကြီးကျေးရွာ၊ တကောင်းဒေါင့်ကျေးရွာ၊ ကံပုလုတ်ကျေးရွာ၊ မူးကန်းလေးကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ တည်တောကျေးရွာ၊ ဖိုဝင်းတပ်ကျေးရွာ၊ ရွာသစ်ကျေးရွာ (ရှိမ္မကား)၊ ဆင်းနင်းကျေးရွာ စသည့် ကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြစိမ်းရောင်း ဥက္ကဋ္ဌများ၊ တစ်ရွာလျှင် ၂ ဦးနှုန်းဖြင့် သင်တန်းသား၂၀ ဦးကို တက်ရောက်ရာ သင်တန်းကာလမှာ တစ်ရက်သာဖြစ်ကြောင်း သိရှိရသည်။
စိုးစိုးလှိုင်


