လှည်းကူး ၁၀ မတ်        

 


ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာရှိ သမဝါယမကောလိပ် (ဖောင်ကြီး)တွင် ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို မတ် ၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။  

 


ပွဲတော်တွင် သမဝါယမကောလိပ် (ဖောင်ကြီး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ တင်လဲ့လဲ့ဝင်း၊ ဒုတိယကျောင်းအုပ်ကြီး ဦးရဲမြင့်သန်း၊ မော်ကွန်းထိန်း ဒေါ်ခင်မီမီကို အပါအဝင် ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၂၀ဝ)ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ ပျော်ရွှင်စွာ စုပေါင်းရေကစားခြင်း၊ သင်္ကြန်သီချင်းများဖြင့် ကခုန်ခြင်းအပြင် မုန့်လုံးရေပေါ် စတုဒိသာများ ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။   

 


နိုင်လင်း(လှည်းကူး)
 

 

dd