ပုလော ၁၀  မတ်     


တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူး (ဆင့်ပွား) သင်တန်းကို ပလမြို့အမှတ်(၂) ရပ်ကွက် အားမာန်ဝင့် စာကြည်တိုက်၌ ယနေ့ နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် ပလမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်သူက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် NGO အဖွဲ့အစည်းများ၏ အခမ်းအနားများတွင် တာဝန်ပေး အပ်လာပါက အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ရဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော် နှင့် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းကိုင် (၄) မသက်မှူးအိမ်တို့က အခမ်းအနားမှူး (ဆင့်ပွား)သင်တန်းကို စာတွေ့၊ လက်တွေ့ ပိုချသင်ကြား ပေးခဲ့ပြီး အဆိုပါ သင်တန်းကို ကျေးရွာအုပ်စုမှ ပရဟိတအသင်းများ၊ လူငယ်မောင်မယ်များ နှင့် စိတ်ပါဝင်စားသူ ၃၀ တက်ရောက်ခဲ့သည်။


ထူးဝေယံ(ပြန်/ဆက်)    

 

1