နေပြည်တော် မတ် ၁၀
ထိုင်းဘုရင့်တပ်မတာ်ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ သည် ယနေ့နံနက် ပိုင်းတွင် Udon Thani ခရိုင်ရှိ Wat Bodhisomphon ဘုရား ကျောင်းသို့ သွားရောက် ဖူးမြော် ကြည်ညိုကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် Wat Bodhisomphon ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဓာတ်တော်များအား ဖူးမြော်ကြည်ညိုပြီး ကျောင်းထိုင် ဆရာတော် Sutti Sala May Tee အားဖူးမြော်ကြည် ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဘုရားကျောင်းအတွင်း ရွှေ၊ ကြေးနှင့်သတ္တု ရောစပ်သွန်းလုပ်ထား သည့် နှစ် ၆၀ဝ သက်တမ်းရှိ လာအိုနိုင်ငံမှလှူဒါန်းထားသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး နှစ် ၁၂၀ သက်တမ်းရှိ ဗုဒ္ဓခြေတော်ရာအားဖူးမြော်ကာ နှစ် ၉၀ သက်တမ်းရှိ ဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခြင်းများဆောင်ရွက်ကြ သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော်လေတပ် Wing 23 ဌာနချုပ်မှ ဘန်ကောက်မြို့သို့ထွက်ခွာကြရာ လေတပ် စခန်းဌာနချုပ်တွင် ထိုင်းဘုရင့်လေတပ် ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြု အလေးပြုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘန်ကောက် မြို့ ရှိ ထိုင်းဘုရင့်လေတပ် ဒွန်မောင်းလေဆိပ် (Wing-6) လေဆိပ်သို့ရောက်ရှိရာ ထိုင်းနိုင်ငံ ဆိ်ုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းဘုရင့်တပ်မတော်မှ Major General Nopadon Mungkalaton နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့အား ထိုင်းဘုရင့်တပ်မတာ်ကာကွယ်ရေး ဦးစီးချုပ် General Ponpipaat Benyasri နှင့်ဇနီးတို့က Sala Tim Naam ထိုင်းရိုးရာ စားသောက်ဆိုင်တွင် အလုပ် သဘော ဂုဏ်ပြုညစာစားပွဲအခမ်းအနားဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


