မြင်းခြံ ၁၁ မတ်

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ စွန်းလွန်းဂူကျောင်းတိုက်၌ ယနေ့နံနက် ၉ နာရီက အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ ဓာတ်ပုံပညာများကို အခမဲ့ လာရောက်ပို့ချခဲ့ကြောင်း သိရှိရသည်။

 

ဓာတ်ပုံပညာရပ်ဆိုင်ရာများ(အခမဲ့) ပို့ချသင်ကြားခြင်းကို အထက်မြန်မာပြည် ဓာတ်ပုံအသင်းနှင့် မြင်းခြံဓာတ်ပုံအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံဝါသနာရှင်များအား ဓာတ်ပုံပညာရပ်ဆိုင်ရာများ၊ ကင်မရာနှင့်ပတ်သတ်၍ သိသင့်သိထိုက်သည်များ၊ လက်တွေ့ရိုက်ကူးခြင်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ 

 

မြင်းခြံဓာတ်ပုံအသင်း၏ ဆောင်ရွက်မှုအဖြစ် အဆိုပါသင်တန်းတွင် အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှဥက္ကဋ္ဌ ဦးကိုကိုဦး၊ ဒုတိယဥက္ကဋ္ဌ ဦးစစ်သွေးကျော်တို့ကိုယ်တိုင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြင်းခြံဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်မြင့် (ယူနီတီ) ကလည်း မိမိတို့ မြင်းခြံဓာတ်ပုံအသင်းအနေဖြင့် အသင်းဝင်များနှင့် ဓာတ်ပုံဝါသနာပါသူများကို ဓာတ်ပုံပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

 

အဆိုပါ ဓာတ်ပုံပညာသင်တန်းသို့ မြင်းခြံ၊ တောင်သာ၊ ဝဲလောင်၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ညောင်ဦး၊ ပုပ္ပား၊ ပခုက္ကူ စသည့်ဒေသများမှ ဓာတ်ပုံဝါသနာရှင် သင်တန်းသား (၇၀) တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဦးဇော်မင်းနိုင် (မြင်းခြံ)