နေပြည်တော် မေ ၁၅
မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မန္တလေးမြို့ပေါ် အမရပူရ မြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မြစ်ငယ်မြို့များအတွင်း ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင်ဆောင် ကာ ဂိုဏ်းဖွဲ့၍ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ မကြာခဏ ကျူးလွန်ဖြစ်ပွားလာသဖြင့် ကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ရာ ၂၀၂၅ ခုနှစ် မေ ၅ ရက်တွင် ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်မှုများတွင် ဦးဆောင်ကျူးလွန်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်း (၂၉) နှစ် (ဘ) ဦးသံချောင်းအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ
ဖမ်းဆီးရမိတရားခံ နေထက်လင်း၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဖော်ထုတ် ဖမ်းဆီးခဲ့ရာ ဓားပြတိုက်၊ လုယက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သူများ ဖြစ်သည့် ၎င်း၏ဇနီး မေမီမီကို (၃၁) နှစ် (ဘ) ဦးကိုကိုလွင်၊ စဉ့်ကိုင်မြို့နယ် အရေးမဆိုကျေးရွာနေ ညီညီလွင် (ခ) ညီညီ (၂၉) နှစ် (ဘ) ဦးအေးကို၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်နေ ကိုကိုလွင် (၆၅) နှစ် (ဘ) ဦးတင်မောင်လေး၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာ နေသူများဖြစ်သည့် ရဲနိုင်ဝင်း (ခ) ဖိုးသား (၃၇) နှစ် (ဘ) ဦးခင်မောင်နှင့် ဟိန်းမင်းသူ (ခ) ဟူစိန် (၂၂) နှစ် (ဘ) ဦးမြင့်စိုး၊ မကွေးတိုင်းဒေသကြီး မင်းလှမြို့ အမှတ် (၁၀) ရပ်ကွက်နေ နေမင်းအောင် (ခ) ထက်လင်း (၂၆) နှစ် (ဘ) ဦးမြင့်မိုး၊ အမရပူရမြို့နယ် စာတိုးကျေးရွာနေ မျိုးဇော် (၂၆) နှစ် (ဘ) ဦးမြင့်နောင်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နေသူများဖြစ်သည့် မင်းသက်နိုင် (ခ) ကျစ်ကျစ် (၂၈) နှစ် (ဘ) ဦးကိုကိုလွင်၊ ကျော်သီဟ (ခ) သီဟ (၂၄) နှစ် (ဘ) ဦးကျော်၊ မင်းသက်ကို (ခ) ချစ်ချစ် (၂၃) နှစ် (ဘ) ဦးကိုကိုလွင်၊ ပုသိမ်ကြီးမြို့နယ် ကုလားကြီးကျေးရွာနေ ဇာနည်ထွန်း (ခ) ဇာနည် (၃၈) နှစ် (ဘ) ဦးကြည်လေး၊ နေပြည်တော် သာဝတ္ထိမြို့ စက်ရုံစုရပ်ကွက်နေ ဉာဏ်ထက်လင်း (ခ) ကိုထက် (၃၁) နှစ် (ဘ) ဦးနေမျိုးလှိုင်၊ မုံရွာမြို့ မြဝတီရပ်ကွက်နေသူများဖြစ်သည့် သန်းသန်းမိုး (၅၁) နှစ် (ဘ) ဦးသံချောင်းနှင့် မြင့်မိုး (၅၁) နှစ် (ဘ) ဦးပေါရှိန်၊ အမရပူရမြို့နယ် ဘနောကျေးရွာနေ ဖြူစွာမင်း (ခ) ကတုံး (၃၀) နှစ် (ဘ) ဦးချွတ်၊ ဟုမ္မလင်းမြို့နေ ဇော်မျိုးထက် (ခ) ကိုမျိုး (၃၃) နှစ် (ဘ) ဦးသံချောင်း တို့ပါဝင်သော ဂိုဏ်းအဖွဲ့မှ တရားခံအမျိုးသား ၁၅ ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၇ ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စတိုသေနတ် လေးလက်၊ မော်တော်ယာဉ်သုံးစီး၊ ဆိုင်ကယ် တစ်စီး၊ ပြောက်ကျားဝတ်စုံ လေးစုံတို့နှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့သုံးဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်က တံတားဦးမြို့နယ် ခင်လူးလေးကျေးရွာနေ ကိုဟန် (ခ) ကိုသီဟန် မောင်းနှင်လာသည့် YGN 2R-xxxx FORD DOUBLE CUB မော်တော်ယာဉ်ကို အကြမ်းဖက်လုယက်မှု ကျူးလွန်ရာတွင် လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ သုံးဦး သည် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက် တွင် အမရပူရမြို့နယ်ရှိ မောင်ဒိန်းရွှေဆိုင်ကို လုယက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ လေးဦးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက် တွင် ချမ်းမြသာစည်မြို့နယ်ရှိ Sky Star Mobile ဖုန်းဆိုင်မှ ဖုန်း ၈၄ လုံးနှင့် ငွေ ၇ သိန်းကျော်ကို လုယက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ ငါးဦးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် တွင် ကျောက်ဆည်မြို့ မြို့မဈေးအတွင်းရှိ ဦးသန်းထွန်း+ဒေါ်ခင်ရီ ရွှေဆိုင်နှင့် ဦးသန်းနိုင်+ဒေါ်သူ ဇာဝင်းရွှေဆိုင်တို့ကို ဓားပြတိုက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ မျိုးဇော်၊ နေမင်းအောင်၊ မင်းသက်နိုင်၊ ဇာနည်ထွန်း၊ သန်းသန်းမိုး၊ မြင့်မိုးတို့ ခုနစ်ဦးသည် ၂၀၂၄ ခုနှစ် မေ ၃၁ ရက်တွင် မဟာအောင်မြေ မြို့နယ်၊ ၃၈x၃၉ လမ်းနှင့် ၈၄ x ၈၅ ကြားရှိ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်း ရွှေဆိုင်ကို ဓားပြတိုက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်းနှင့် ညီညီလွင်တို့ နှစ်ဦးသည် ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်တွင် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၄x ၅၅ ကြား၊ (၁၁)F လမ်းနေ ဒေါ်ဆွေဇင်ထွန်း၏ နေအိမ်အတွင်း ဝင်ရောက်၍ ငွေစက္ကူရောရာ ကျပ် ၁၁၉ သိန်းကျော်ကို လုယက်မှုကျူးလွန်ရာတွင် လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ဉာဏ်ထက်လင်းတို့ ခြောက်ဦး သည် ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက် တွင် အမရပူရမြို့နယ် ဆင်ရွာ မြင်းမူကျေးရွာရှိ မြသဇင် အထည်ဆိုင်ကို ဓားပြတိုက်မှု ကျူးလွန်ရာတွင် လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ကိုကိုလွင်နှင့် ဉာဏ်ထက်လင်းတို့ သည် ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက် တွင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၅၅ လမ်း၊ ၁၀၃x ၁၀၄ ကြားရှိ ရွှေဇာမဏီ ရွှေဆိုင်ကို ဓားပြတိုက်မှုကျူးလွန် ရာတွင်လည်းကောင်း အသီးသီးပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ဖော်ထုတ် သိရှိရသည်။
ဖော်ထုတ်ဖမ်းဆီးရမိသည့် ဓားပြတိုက်ခြင်း၊ လုယက်မှုများကို ကျူးလွန်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင် ကျူးလွန်ခဲ့ကြကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးပေါ်ပေါက်ပြီး ဖမ်းဆီးရမိသည့် နေထက်လင်းအပါအဝင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး နှစ်ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးရန် ကျန်တရားခံများနှင့် သိမ်းဆည်းရန်ကျန် လက်နက်ခဲယမ်းများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး၊ ဖြစ်စဉ်များတွင်ပါဆုံးခဲ့သည့် သက်သေခံ ပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်





